Posts

Showing posts from July, 2022

တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...

KNU က ဗိုလ်ချုပ်မောင်မောင် ဆီမှာ သမီးသွားတောင်းခဲ့ တဲ့ အဆိုတော် ထူးအိမ်သင် ၊ နာမည်ကျော် " အရေးကြီးပြီ" သီချင်းကို တောထဲမှာ ရေးခဲ့တဲ့ ထူးအိမ်သင် အကြောင်း ------------------------------------------- ''တောခိုသွားတဲ့ ထူးအိမ်သင် အကြောင်း...'' “ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက်မရှိတော့ဘူးလားဗျ .....” “ရှိရင် ကျနော်နဲ့ပေးစားဗျာ .... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ် ... မပြန်တော့ဘူး...” တဲ့ .....။ အဲ ..... ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ .... ။ အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ... မနက်လင်းအားကြီး ၂ နာရီလောက် ....။ နေရာက ထိုင်းမြန်မာ နယ်စပ်သောင်ရင်းမြစ်ကမ်းဘေးက မယ်လ လို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့ KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့နေအိမ် .... ။ [ယခု မယ်လ ဒုက္ခသည်စခန်း (ဘဲကလော်ဒုက္ခသည် စခန်း) မဟုတ်ပါ... မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက် ဆက်သွားမှရောက်ပါသည်... ၎င်းရွာကို အစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လ ဟုခေါ်ခြင်းဖြစ်ပါသည်...။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ဝါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော်(ဝါဂွမ်းခြံ) ဟုလည်းခေါ်ပါသည်] အဲဒီအချိန်က က...