ရွာကလေး
ရွာကလေး ကျွန်မ ဒီတောင်ပေါ်ကို စရောက်ပြီး ပထမဆုံးကြုံတွေ့ရတဲ့ မနက်ခင်းပေါ့။ မနေ့က ဒီတောင်ဘက်ကိုရောက်ဖို့ တောအထပ်ထပ်ကို ကျွန်မနေတဲ့ ရန်ကုန်ကနေ ကားနှစ်ဆင့်စီး ကားလမ်းမရှိတဲ့ ကျောင်းလေးရွာကို လူတစ်ယောက်လောက်သာ သွားလို့ရတဲ့ ဒီတောင်တက်လမ်းလေးအတိုင်း ကျောပိုးအိတ်တစ် လုံးနဲ့ ခြေကျင်ဘဲ တက်လာခဲ့တယ်။ကျောင်းလေးဆိုတာက စစ်တုန်းကကျန်ခဲ့တဲ့ မိဘမဲ့ကလေးတွေ စောင့်ရှောက်ထားတဲ့ နေရာလေးပေါ့။ မြို့လေးနဲ့ ငါးမိုင်တော့ဝေးတယ်။ မြို့ကိုရောက်ဖို့ စက်ဘီး (သို့) ခြေကျင်သွားကြရတယ်။ ကလေးအယောက် ၃၀လောက်ရှိတဲ့ ဒီကျောင်းလေးကိုအစွဲပြုပြီး ကျောင်းလေးရွာ လို့ခေါ်တယ်။ ရွာလေးဖြစ်တည်နေတာကလဲ ၁၀နှစ်တောင် မပြည့်မရှိသေးဘူး။ ဒီရွာလေးကလူတွေက အရင်ကဒီရွာကမဟုတ်ကြဘူး။ ကျောင်းလေးရွာကနေ တောင်နှစ်လုံးလောက်ကို ကျော်လိုက်ရင် ရွာပျက်တွေရှိတယ်။ စစ်ဖြစ်လို့ထွက်ပြေးတိမ်းရှောင်ရင်း ဒီနေရာလေးမှာဘဲ အခြေတကျနေထိုင်ဖြစ်သွားကြတယ်။ သူတို့ရွာဟောင်းလေးကတော့ မီးလောင်ပျက်စီးကုန်ပြီလေ။ ညကခရီးပမ်းလာတာကြောင့် နေမှောင်တာနဲ့ အိပ်ပျော်သွားတယ်။ ပြန်နိုးလာပြီး နာရီကိုကြည့်လိုက်တယ်။ မနက် ငါးနာရီဘဲရှိသေးတယ်။ ဟိုလှိမ့်ဒီလှိမ့်နေရင်း ဆက်မအိ...