ယတြာဆရာပြူးနှင့် အထူးအစီအရင်များ
ယတြာဆရာပြူးနှင့် အထူးအစီအရင်များ `````````````````````````````` `````````````````````` ရဲဘော်ပြူးဆိုတာ ယတြာတွေဗေဒင်တွေ အတော်ယုံတဲ့လူဗျ။ အပြင်မှာနေကတည်းက သူဗေဒင်လိုက်မေးတဲ့အခါ ကျနော်သုံးလေးခါလိုက်ဖူးတယ်၊ ကျနော်ကတော့ ဒါမျိုးတွေ သိပ်အယုံအကြည်မရှိလှဘူး။ ဒါပေမဲ့သူကတော့ ဗေဒင်တစ်ခါဟောပြီးပြန်လာရင် ဟုတ်ကြောင်းမှန်ကြောင်းတွေပြော၊ ပေးလိုက်တဲ့ ယတြာလေးတွေ အဆောင်လက်ဖွဲ့လေးတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်။ တစ်ခါသား မောင်ပြူးကပြောတယ်၊ ငါမိန်းမယူတော့မယ်တဲ့၊ ဟုတ်ပါပြီပေါ့ ဒါနဲ့ "အရင်ကကောင်မလေးပဲမဟုတ်လား"လို့ မေးတော့ "မဟုတ်ဘူးကွ ဒါကအသစ်တစ်ယောက်ပဲ" တဲ့။ "ဟ အဲဒီတစ်ယောက်က မင်းကိုအတော်ချစ်တာမဟုတ်လား ဘယ်လိုဖြစ်တာလဲ" ဆိုတော့ "အေးကွာ သူကငါ့ကိုအတော်ချစ်တာ၊ စီးပွားရေးကလည်း အဆင်ပြေတယ် ငါ့ကိုလည်းအလိုလိုက်တယ်၊ ငါလည်းသူ့ကို ချစ်ပါတယ်ကွာ"တဲ့ "ဒါဆို အခုကဘယ်လိုဖြစ်တာတုံး" ဆိုတော့ ပြူးကပြောတယ် "သူနဲ့ငါက နေ့နံမကိုက်ဘူးကွာ၊ အိမ်ထောင်ရန်ဘက်တွေဖြစ်နေတာကွ၊ မင်းစဥ်းစားကြည့်လေ နောက်ဆို အဆင်ပြေမှာမဟုတ်ဘူး အိမ်ထောင်တွေဘာတွေကွဲလာနိုင်တယ် ၊ အခုတစ်ယောက်က ငါနဲ့ နေ့နံကိုက်တယ်၊ အိမ...