ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့ (OPINION)
ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့ (OPINION) ============== (သတင်းသမား ကိုဧကနဲ့ ကိုသစ္စာ ဆွေးနွေးခန်း) ------------------------ "ဆရာဧကရေ ... ဗျို့ ... ဆရာဧက" ခြံအပြင်က ကိုသစ္စာခေါ်သံကြားလို့ ကျုပ်လည်း ခြံတံခါး သွားဖွင့်ပေးလိုက်ရတယ်။ "လာဗျာ ... လာကြ၊ ဒီနေ့တော့ သားဖနှစ်ယောက် ချီတက်လာကြတာပါလားဗျ၊ ဪ ... ခင်ဗျားသားတော်မောင် ပါးစပ်မှာလည်း ဆီတွေ ကွက်လို့ပါလား ကိုသစ္စာရ" ကိုသစ္စာရဲ့သားကို ငုံ့ကြည့်မိတော့ သနပ်ခါးတွေကြားက ဆီကွက်နေတဲ့ ပါးစပ်ကို မြင်တွေ့လိုက်ရလို့ ပြောမိတော့မှ ကိုသစ္စာက သူ့သားပါးစပ်ကို စားပွဲပေါ်က လက်သုတ်ပဝါယူပြီး သုတ်ပေးနေတော့တယ်။ "ဆရာဧဆီလာရင်း ... လမ်းမှာ စတုဒိသာကျွေးတဲ့အဖွဲ့က အတင်းဝင်စားခိုင်းလို့ သားဖနှစ်ယောက် ဝင်ဆွဲခဲ့ကြတာ ဆရာဧရေ" "ဪ လမ်းထိပ်တိုက်က ကိုဝင်းကျော်ရဲ့ စတုဒိသာ ထင်ပါရဲ့" "ဟုတ်တယ်... ဟုတ်တယ်၊ ဆရာဧနဲ့ ရင်းနှီးတယ်မို့လား၊ သွားမစားဘူးလား" "မစားပါဘူးဗျာ၊ မသတီပါဘူး" "ဗျာ ... ဘယ်လို .... ဘယ်လို " "ဒီလိုလေဗျာ .... ကိုသစ္စာတို့က ဒီကိုပြောင်းလာတာ မကြာသေးတော့ သူ့အကြောင်း သိ...