Posts

ရွာကလေး

ရွာကလေး        ကျွန်မ ဒီတောင်ပေါ်ကို စရောက်ပြီး ပထမဆုံးကြုံတွေ့ရတဲ့ မနက်ခင်းပေါ့။ မနေ့က ဒီတောင်ဘက်ကိုရောက်ဖို့ တောအထပ်ထပ်ကို ကျွန်မနေတဲ့ ရန်ကုန်ကနေ ကားနှစ်ဆင့်စီး ကားလမ်းမရှိတဲ့ ကျောင်းလေးရွာကို လူတစ်ယောက်လောက်သာ သွားလို့ရတဲ့ ဒီတောင်တက်လမ်းလေးအတိုင်း ကျောပိုးအိတ်တစ် လုံးနဲ့ ခြေကျင်ဘဲ တက်လာခဲ့တယ်။‌ကျောင်းလေးဆိုတာက စစ်တုန်းကကျန်ခဲ့တဲ့ မိဘမဲ့ကလေးတွေ စောင့်ရှောက်ထားတဲ့ နေရာလေးပေါ့။ မြို့လေးနဲ့ ငါးမိုင်တော့ဝေးတယ်။ မြို့ကိုရောက်ဖို့ စက်ဘီး (သို့) ခြေကျင်သွားကြရတယ်။ ကလေးအယောက် ၃၀လောက်ရှိတဲ့ ဒီကျောင်းလေးကိုအစွဲပြုပြီး ကျောင်းလေးရွာ လို့ခေါ်တယ်။ ရွာလေးဖြစ်တည်နေတာကလဲ ၁၀နှစ်တောင် မပြည့်မရှိသေးဘူး။ ဒီရွာလေးကလူတွေက အရင်ကဒီရွာကမဟုတ်ကြဘူး။ ကျောင်းလေးရွာကနေ တောင်နှစ်လုံးလောက်ကို ကျော်လိုက်ရင် ရွာပျက်တွေရှိတယ်။ စစ်ဖြစ်လို့ထွက်ပြေးတိမ်းရှောင်ရင်း ဒီနေရာလေးမှာဘဲ အ‌‌ခြေတကျနေထိုင်ဖြစ်သွားကြတယ်။ သူတို့ရွာဟောင်းလေးကတော့ မီးလောင်ပျက်စီးကုန်ပြီလေ။ ညကခရီးပမ်းလာတာကြောင့် နေမှောင်တာနဲ့ အိပ်ပျော်သွားတယ်။ ပြန်နိုးလာပြီး နာရီကိုကြည့်လိုက်တယ်။ မနက် ငါးနာရီဘဲရှိသေးတယ်။ ဟိုလှိမ့်ဒီလှိမ့်နေရင်း ဆက်မအိ...

ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့ (OPINION)

Image
ကိုယ့်ငွေအကုန်ခံပြီး မအလကျွန်ခံ အလှူတွေ မပြုကြနဲ့  (OPINION) ============== (သတင်းသမား ကိုဧကနဲ့ ကိုသစ္စာ ဆွေးနွေးခန်း) ------------------------ "ဆရာဧကရေ ... ဗျို့ ... ဆရာဧက" ခြံအပြင်က ကိုသစ္စာခေါ်သံကြားလို့ ကျုပ်လည်း ခြံတံခါး သွားဖွင့်ပေးလိုက်ရတယ်။  "လာဗျာ ... လာကြ၊ ဒီနေ့တော့ သားဖနှစ်ယောက် ချီတက်လာကြတာပါလားဗျ၊ ဪ ... ခင်ဗျားသားတော်မောင် ပါးစပ်မှာလည်း ဆီတွေ ကွက်လို့ပါလား ကိုသစ္စာရ" ကိုသစ္စာရဲ့သားကို ငုံ့ကြည့်မိတော့ သနပ်ခါးတွေကြားက ဆီကွက်နေတဲ့ ပါးစပ်ကို မြင်တွေ့လိုက်ရလို့ ပြောမိတော့မှ ကိုသစ္စာက သူ့သားပါးစပ်ကို စားပွဲပေါ်က လက်သုတ်ပဝါယူပြီး သုတ်ပေးနေတော့တယ်။ "ဆရာဧဆီလာရင်း ... လမ်းမှာ စတုဒိသာကျွေးတဲ့အဖွဲ့က အတင်းဝင်စားခိုင်းလို့ သားဖနှစ်ယောက် ဝင်ဆွဲခဲ့ကြတာ ဆရာဧရေ" "ဪ လမ်းထိပ်တိုက်က ကိုဝင်းကျော်ရဲ့ စတုဒိသာ ထင်ပါရဲ့" "ဟုတ်တယ်... ဟုတ်တယ်၊ ဆရာဧနဲ့ ရင်းနှီးတယ်မို့လား၊ သွားမစားဘူးလား" "မစားပါဘူးဗျာ၊ မသတီပါဘူး" "ဗျာ ... ဘယ်လို .... ဘယ်လို " "ဒီလိုလေဗျာ .... ကိုသစ္စာတို့က ဒီကိုပြောင်းလာတာ မကြာသေးတော့ သူ့အကြောင်း သိ...
Image
“လူငယ်တိုင်းက စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ အခုလက်ရှိ ပညာရေးစနစ်ကို လုံး၀လက်မခံတာရယ်၊ စစ်ကောင်စီရဲ့ မတရားအုပ်ချုပ်တာတွေကို လက်မခံချင်လို့ ကိုယ့်အတွက်အန္တရာယ်ကင်းမဲ့နေရာဆီပြောင်းရွှေ့ခိုလှုံတဲ့သူရယ်၊ မိသားစုအတွက်ဖူလုံစေချင်တာတွေရယ်ကြောင့် နိုင်ငံခြားထွက်နေကြတာလို့မြင်တယ်။” ပြည်ပကို ထွက်ခွါပြီး အနာဂတ်ကို ထူထောင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ တနေ့ထက်တနေ့ ပိုများလာတာကို တွေ့မြင်နေကြရပါတယ်။ ဒီလူငယ်တွေထဲမှာ တနင်္သာရီတိုင်းထဲက ကိုဒီဒီ တစ်ယောက်လည်း ပါဝင်နေပါတယ်။ တက္ကသိုလ်မှာ ဆရာတစ်ဦးဖြစ်ချင်ခဲ့တဲ့ ပညာတတ် လူငယ်တစ်ယောက်ရဲ့ အနာဂတ်စိတ်ကူးတွေ ဘာကြောင့် ပြောင်းလဲ ကုန်ရတာလဲ၊ ပြည်ပကို ထွက်ခွါဖို့ ဘာကြောင့်ကြိုးစားနေရတာလဲ ဆိုတာတွေကို တနင်္သာရီတိုင်းမ်က မေးမြန်းပြီး “တောင်ပိုင်းသားတို့အသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။ (တောင်ပိုင်းသားတို့ အသံ) မေး - အာဏာမသိမ်းခင် အချိန်က ဘဝရည်မှန်းချက်က ဘာဖြစ်ခဲ့လဲ။ ဖြေ - အဓိကရည်မှန်းချက်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်းသောရည်မှန်းချက်နဲ့ ဂုဏ်ထူးတန်းဒုတိယနှစ်အထိတောင်တက်ရောက်ခဲ့တာပါ။ မေး - ဘယ်အချက်က ပြည်ပနိုင်ငံသွားဖို့အတွက် ပိုသေချာစေခဲ့တာလဲ။ ဖြေ - တက...

◉ တော်လှန်ရေးနဲ့ ရာဇဝတ်မှုတွေရဲ့ မိဘ

Image
📬 ရန်ကုန်မှပေးစာများ (၂) ◉ တော်လှန်ရေးနဲ့ ရာဇဝတ်မှုတွေရဲ့ မိဘ https://www.ludunwayoo.com/letters-from-yangon-mm/letter-2/2022/08/15/48571/ ညီမလေးရေ... ဩဂုတ်လရဲ့ မိုးစက်တွေအောက်မှာပဲ နောက်စာတစ်စောင်ထပ်ရေးလိုက်မိတယ်။  ကိုယ့်ကိုကိုယ်လည်း နာဇီတွေသိမ်းပိုက်ထားတဲ့ ပါရီမြို့ကြီးထဲက လူတစ်ဦးက လွတ်မြောက်ရာဒေသက မိသားစုဝင်တစ်ဦးကိုစာရေးမိနေသလိုခံစားရတယ်။ အဲဒီခံစားချက်က မွန်းကြပ်နေတဲ့စိတ်ကို အထိုက်အလျောက် ပေါ့ပါးစေတာတော့အမှန်ပဲ။  ညီမလေးအတွက်တော့ ပူပင်သောကတွေ ဖြစ်စေမှာပေါ့။  မီဒီယာတွေမှာသတင်းတွေဖတ်မိတဲ့အခါ ဒေါ်လာနဲ့ရွှေဈေးသတင်းတွေက ညီမလေးကို ခြောက်လှန့်နေမှာပဲလို့ အကိုတွေးမိတယ်။ ရွှေဈေးက တစ်ကျပ်သားကို ၂၇သိန်းနဲ့ ဒေါ်လာကတစ်ဒေါ်လာကို ၃၀၀၀ဝန်းကျင်တဲ့နော်။ ဒါပေမယ့်တကယ်တမ်းကျတော့ ဒီသတင်းတွေက ရပ်ကွက်ထဲကဘဝတူပြည်သူတွေရဲ့ လက်ရှိအခြေအနေကို တိုက်ရိုက်ဖေါ်ပြလှတာတော့မဟုတ်ဘူး။ သူတို့မှာ ဒေါ်လာတို့ရွှေတို့မှမရှိကြရှာတာလေ။ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေတဲ့ ကုန်ဈေးနှုန်းတွေကို ဒီစာထဲမှာအကိုပြောပြမယ်။ ညီမလေးရန်ကုန်မှာရှိတုန်းက ဈေးသွားတဲ့အခါ သယ်စရာများရင်အပြန်မှာစီးလေ့ရှိတဲ့ ကို...

သီချင်းများနဲ့ လူ

Image
သီချင်းများနဲ့ လူ (ခံစားမျှဝေ)   ကိုယ့်လုပ်နေတာတွေက အရာရောရောက်ရဲ့လားဆိုတဲ့ ခံစားချက်က “ချောင်းနေတဲ့ကျား” လိုပဲ။ ရင်ဘတ်တစ်ခုလုံးလည်း သွေးအလိမ်းလိမ်း။ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ မကြာခဏဆိုသလို ကိုက်ခဲ ခံရရဲ့။   ဒီလိုပဲ သတိလေးနဲ့ မာန်လွှတ်လိုက်၊ လစ်ရင် ပြန် ငုံခဲခံရလိုက်နဲ့။ နေ့ညတွေက သွေးညှီနံ့ တစ်ထောင်းထောင်း။   ဒီနေ့ မနက်လည်း အဲဒီကျားက ဘယ်ဘက် ရင်ဘတ်ကို ဖမ်းကိုက်လိုက်ပြန်ပြီ။   “ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား” “ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား” “ငါလုပ်နေတာတွေက အရာရော ရောက်ရဲ့လား”   “ငါလုပ်နေတာတွေက . . . . . . “   ထူးဆန်းစွာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်နေတာ ကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်ရဲ့ သံစဉ်နဲ့ စာသားက ရင်ထဲ လှစ်ခနဲ တိုးဝင်လာတယ်။   “အလှတရားများ ထွန်းကား ဖြန့်ကျက်ဖို့ ၊ အနှောက်အယှက်ရှိသမျှ ခွင်းပစ်ဖို့ သီချင်းတစ်ပုဒ်က မြှားတစ်စင်း ဖြစ်ပါစေ”   မောင်သစ်မင်း ရေးဖွဲ့ပြီး ထူးအိမ်သင် သီဆိုထားတဲ့ “သီချင်းများနဲ့ လူ” သီချင်း။ စိတ်က ဆာနေလို့ ထင်ပါရဲ့ တကျော့ပြီး တကျော့ နားထောင်နေမိတယ်။   ဖြစ်နိုင်ရင် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရုတ...

ပျောက်ဆုံးသွားသောဘဝများ

Image
ပျောက်ဆုံးသွားသောဘဝများ " အာဆွန်းတာ (သို့မဟုတ်) ဝါးလုံးကို RPG ဖြစ်စေချင်သော ကလေးငယ် " [ မင်းဘုဏ်းလူ (၅၀၅) ] ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ အဦးဆုံးအစောဆုံး နေရာများတွင် ကရင်နီပြည် ဒီမောဆိုမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ဒီမောဆိုမြို့နယ်မှ အာဆွန်းတာတို့ ကုန်းသာရွာငယ်သည်လည်း စစ်အာဏာရှင်များ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၏ သားကောင် စစ်တလင်းအဖြစ်ကျရောက်ခဲ့ရသည်။ စစ်မဖြစ်မီကအာဆွန်းတာသည် မိခင်မုဆိုးမနှင့်အကိုနှစ်ယောက်တို့ဖြင့်အေးချမ်း‌ေပျာ်ရွှင်စွာနေထိုင်ခဲ့ရသည်။အကိုနှစ်ယောက်ကရိုးသားကြိုးစားစွာ မိခင်နှင့်ညီမငယ်ကိုတောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းလုပ်ကိုင်ကျွေးမွေးပြီး ချစ်ခင်စည်းလုံးစွာနေထိုင်ခဲ့ကြသည်။ခုခံစစ်စတင်ပြီးနောက်မခံချင်စိတ်နှင့်အမျိုးသားရေးစိတ်လှုံ့ဆော်မှုကြောင့်မိခင်ထံခွင့်ပန်ကာ ပြည်သူ့ကာကွယ်ရေးတပ်သို့ ဝင်ရောက်ခဲ့ကြသည်။ အကိုနှစ်ယောက် မိခင်ကိုကန်တော့ သူမကိုပွေ့ချီနှုတ်ဆက်ချိန် ၂ နှစ်အရွယ် အာဆွန်းတာလေးကတော့ ဘာမှမသိရှာ။ မိခင်ရင်ခွင်ဖက်တွယ်ရင်း ကိုကိုကြီးနှင့်ကိုကိုလေးကို မျက်ရည်များဖြင့် မုန့်မှာနေရှာသည်။ "ညီမလေး လိမ်လိမ်မာမာ...

ပျံကျ တော်လှန်ရပ်ကွက် (ဆောင်းပါး)

Image
ပျံကျ တော်လှန်ရပ်ကွက် (ဆောင်းပါး) ●●●●●●● လူငယ့်ခေတ် ညနေခင်း၌ ကလေးငယ်များ၏ ပျော်မြူးဆော့ကစားသံကို ရပ်ကွက်၏ဆည်းလည်းသံအဖြစ် မြန်မာလူမျိုးများက မှတ်ယူကြသည်။  ပုံမှန်အားဖြင့် ထိုအသံများနှင့် မြင်ကွင်းသည် သဘာဝပန်းချီကားတစ်ချပ်လို လှပနေရမည့်ဖြစ်သော်ငြား မြို့ကြီးတစ်ခု၏ ပျံကျရပ်ကွက်တစ်ခု၌မူ ထိုကဲ့သိုမဟုတ်ပေ။ ရပ်ကွက်အတွင်း ကလေးများဆော့ကစားသံအပြင် နေ့စဉ် ငွေတိုးလာတောင်းသူ၊ နေ့ပြန်တိုးလာတောင်းသူတို့၏ အသံများဖြင့်ညံနေတက်သည်။ ရံဖန်ရံခါ နေ့ပြန်တိုးမရ၍ဆဲဆိုသွားကြသူတို့၏ အသံများက အဆိုပါရပ်ကွက်အတွင်း ပျံ့လွင့်လာလေ့ရှိသည်။ "ညနေခင်းဆို ဆန်နို့ဆီဗူးတစ်ဗူးရဖို့ လှည့်ပတ်ချေးငှားနေကြရတာ။ တကယ်ကိုစားစရာမရှိကြတာ"ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။ ပျံကျရပ်ကွက်ဟုဆိုသော်လည်း လမ်းဘေးတွင် တိုက်ကြီးများဟီးထနေသလို စက်ရုံများလည်း အခိုင်အမာရှိသည့်အပြင် အဆောင်များကလည်းအစီအရီ။ အများစုမှာ အိမ်ထောင်စုငယ်များ၊ နယ်ဘက်မှမြို့ ပေါ်သို့ပြောင်းရွှေ့ လုပ်ကိုင်နေကြသူများဖြစ်သည်။ ရေကြည်ရာမြက်နုရာသို့ ရွှေပြောင်းလာသည်ဟု ဆိုသော်လည်း စက်ရုံများ၌ တစ်ရက်လျှင် ၂၇၀၀ ကျပ်ဖြင့်သာ အလုပ်ဝင်လုပ်ရသည်။  တစ်ခါတစ်ရံ စက်...